FAQ

Search our FAQs below

FAQs

စစ်တမ်းမေးခွန်းလွာမှ အချက်အလက်ကို ဘယ်လိုအသုံးပြုထားပါသလဲ။
စာရင်းသွင်းရာတွင် NHK WORLD-JAPAN အပြင် အီးမေးလ်လိပ်စာများ (ဒိုမိန်း) မှ မက်ဆေ့ချ်များ ဘာကြောင့် ကျွန်တော်/မ ရရှိရပါသလဲ။
NHK WORLD-JAPAN နှင့် မသက်ဆိုင်သော စစ်တမ်းများတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်စာကို ဘာကြောင့် ကျွန်တော်/မ ရရှိရပါသလဲ။
ဤဝန်ဆောင်မှုမှ တစ်စံတစ်ရာ ကုန်ကျစေပါသလား။
ကျွန်တော်/မရဲ့ရမှတ်စာရင်းကို ဘယ်လိုအတည်ပြုနိုင်သလဲ။
ကျွန်တော်/မ ရရှိထားတဲ့ ရမှတ်တွေကို ဘယ်အရာနဲ့ လဲလှယ်နိုင်ပါသလဲ။
ကျွန်တော်/မ စာရင်းသွင်းထားတဲ့ သတင်းအချက်အလက်တွေရဲ့ အကြောင်းအရာတွေကို ဘယ်နေရာမှာ စစ်ဆေးနိုင်ပါသလဲ။
ကျွန်တော်/မ ထည့်သွင်းထားတဲ့အချက်အလက်များကို မှန်မှန်ကန်ကန် စီမံထားပါသလား။
အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်လိုလျှင် ကျွန်တော်/မ ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။
ရောင်းချမှုများ ဒါမှမဟုတ် ငွေကြေးတောင်းဆိုမှုများ ကျွန်တော်/မ ရရှိမှာလား။
ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို ဘယ်လို ကိုင်တွယ်မလဲ။

စစ်တမ်းများမှ စုစည်းထားသော၊ လူပုဂ္ဂိုလ်အလိုက် အမည်ဖော်ပြထားခြင်းမရှိသော အချက်အလက်များကို NHK WORLD-JAPAN မှ ၎င်းတို့ရဲ့အကြောင်းအရာတွေ တိုးတက်ရန်အတွက် အသုံးပြုသွားပါမယ်။ NHK WORLD-JAPAN အပြင် အခြားကုမ္ပဏီများမှ စစ်တမ်းတွေကို ထိုကုမ္ပဏီများရဲ့ စျေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် အသုံးပြုသွားမှာဖြစ်သလို ထုတ်ကုန်သစ်များ ဒါမှမဟုတ် ဝန်ဆောင်မှုသစ်များတွင်လည်း ထင်ဟပ်သွားစေမှာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့အား စီမံခန့်ခွဲခြင်းအပြင် သင်ထည့်သွင်းထားတဲ့ အချက်အလက်များ စီမံခန့်ခွဲခြင်းများကို Lithuania နိုင်ငံအခြေစိုက် IT နှင့် အချက်အလက်စု​ဆောင်းရေး ကုမ္ပဏီကြီး Syno International မှ တာဝန်ယူဆောင်ရွက်ပါတယ်။ စာရင်းသွင်းခြင်းနှင့် အတည်ပြု အီးမေးလ်စာများကို info@synopanel.com. မှ ပေးပို့သွားပါမယ်။ Syno International နှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဤနေရာကို နှိပ်ပါ။

NHK WORLD-JAPAN အပြင် အခြားကုမ္ပဏီများမှ စစ်တမ်းများတွင် ပူးပေါင်းပါဝင်ရန် တစ်ခါတရံ သင် အမေးမြန်းခံရပါလိမ့်မယ်။ ရလဒ်များကို ထိုကုမ္ပဏီများရဲ့ စျေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုများအတွက် အသုံးပြုသွားမှာဖြစ်သလို ထုတ်ကုန်သစ်များ ဒါမှမဟုတ် ဝန်ဆောင်မှုသစ်များတွင်လည်း ထင်ဟပ်သွားစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ပူးပေါင်းပါဝင်မှုကို အထူးကျေးဇူးတင်ပါတယ်။

ငွေကြေးကုန်ကျရန် မလိုပါ။ စာရင်းသွင်းခြင်းနှင့် ဝန်ဆောင်မှု နှစ်ခုလုံးမှာ အခမဲ့ ဖြစ်ပါတယ်။

သင်ရဲ့အကောင့်ထဲကို ရိုးရိုးလေးဝင်ရောက်ပြီး ညာဘက်အပေါ်ဖက်တွင် သင့်ရဲ့ရမှတ်စာရင်းကို မြင်တွေ့ရပါမယ်။ တဘ်ကို နှိပ်ပါက သင်ရရှိထားသော ဆုငွေကို လဲလှယ်ယူနိုင်တဲ့အပြင် သင်၏ဆုမှတ်တမ်းကိုလည်း စစ်ဆေးနိုင်ပါတယ်။ အနည်းဆုံးပမာဏမှာ ယူရိုငွေ ၁၀ နဲ့ ညီတယ်။

သင့်မှာ ဆုလာဘ်တစ်ခု လဲလှယ်ယူရန် အနည်းဆုံးလိုအပ်တဲ့ရမှတ်ပမာဏ ရရှိသည်နှင့် ထိုငွေပမာဏကို ငွေသား ဒါမှမဟုတ် လက်ဆောင်ကတ်တစ်ကတ်အဖြစ် လဲလှယ်ယူနိုင်ပါတယ်။ သင့်နိုင်ငံတွင် ရမှတ်များကို မည်သို့ လဲလှယ်ယူနိုင်သည်ကို သိရှိရန် ကျေးဇူးပြု၍ ဤနေရာတွင် ကြည့်ပါ။

သင့်ရဲ့အကောင့်ကို ဝင်လိုက်ပါက ညာဘက်ထိပ်မှာ သုံးစွဲသူတဘ်ကို တွေ့ပါလိမ့်မယ်။

သင် ထည့်သွင်းထားတဲ့အချက်အလက်များကို Syno International, Inc. မှ အပြည့်အဝ ထိန်းသိမ်းထားပါတယ်။ ၎င်းတို့ရဲ့ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ကြည့်ရှုရန် ဤနေရာကို နှိပ်ပါ။

သင့်အကောင့်ထဲ ဝင်ပြီး သုံးစွဲသူတဘ်ကို နှိပ်ပါ။ “အကောင့်ပြင်ရန်” ကို ခလုတ်နှိပ်ပါ။ အောက်တွင် “အဖွဲ့၏ အီးမေးလ်စာရင်းမှ ပယ်ဖျက်ရန်”ဟုခေါ်သော မက်ဆေ့ချ်တစ်ခုကို တွေ့ရပါလိမ့်မယ်။ ထိုမက်ဆေ့ချ်ကို ကလစ်နှိပ်ပါ။

ဤစစ်တမ်းတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် သင့်အနေနဲ့ ပါဝင်တဲ့ကုမ္ပဏီများမှ ရောင်းချမှုများ ဒါမှမဟုတ် ငွေကြေးတောင်းဆိုမှုများ ရရှိလိမ့်မည် မဟုတ်ပါ။

သင်ပေးထား​တဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို Syno International, Inc. မှ ၎င်းတို့ရဲ့ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ အပြည့်အဝထိန်းသိမ်းထားပါတယ်။ ပိုမို ရှာဖွေတွေ့ရှိလိုသည်များရှိပါက ကျွန်တော်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု မူဝါဒဆိုင်ရာ စာရွက်စာတမ်းများကို ဤနေရာတွင် ကြည့်ရှုပါ။

သင့်ရဲ့ကိုယ်ရေးအချက်အလက်များကို NHK WORLD-JAPAN သုတေသနအဖွဲ့ ထိန်းသိမ်းရေးနှင့် အောက်ပါအဖွဲ့အစည်း – NHK, NHK International Inc., နှင့် Nippon Research Center တို့အား စစ်တမ်းကောက်ယူရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။ အဖွဲ့အစည်းအားလုံး သင်ရဲ့ကိုယ်ရေးအချက်အလက်တွေကို သက်ဆိုင်ရာဥဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ရန် ပါဝင်ခဲ့ပါတယ်။